ဘဝ

ငါလိုက်လို့ ရှာနေသေးတယ်...

မေတ္တာ

ငါလိုက်လို့  ရှာနေသေးတယ်...

အဖေ

ငါလိုက်လို့  ရှာနေသေးတယ်...

မျှော်လင့်ချက်

ဟိုး........အဝေး.......။
သူ့နာမည်ကြားရရုံနဲ့
ခေါင်းစိုက်ချ...နွမ်းလျလျနဲ့
အိမ်ပြန်ရတယ်...။
ဘယ်အချိန်လဲ...
ဘယ်အခါလဲ...
နှလုံးသားကန္တာရထဲ...
အကြိမ်ကြိမ်လွန်ဆွဲနေတဲ့...ငါ့ကိုယ်ငါ...မုန်းတယ်။
ကမ်းလင့်မယ့် လက်တစ်စုံ
မျှော်လင့်ချက်တွေ ဆက်တဲ့နေ့
အိပ်မက်ထဲ .... မိုးကလဲ လိုက်လိုက်ရွာတယ်.......။
ဂယောင်ချောက်ခြားမှုများစွာနဲ့ 
အာရုံတွေကလဲ အထွေထွေအပြားပြား
ကောင်းကင်က လမင်း
ရုတ်တရက်ပြုတ်ကျလာတာလား
ဘာရယ်တော့ သေချာမသိပေမယ့်
ငါ့အသည်း ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ
အမှောင်တွေ ပိုနေတာလား
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲ့ဒါချစ်သူထွက်ခွါသွားတဲ့ ညပေါ့ .....။
အပြစ်ကင်းစင်

နှလုံးသားပြင်၌


မေတ္တာအမိုး

ခြုံကာမိုးကာ

အချစ်တို့ရစ်သိုင်း

ပတ်လည်ဝိုင်း၍

အကြင်နာတရား

ရင်မှာထားပြီး

အေးတူပူမျှ

တည်ဆောက်ကြမယ်

ဒို့နှစ်ယောက်ရဲ့ အိမ်ကလေး ...။  ( MZL )