ဂယောင်ချောက်ခြားမှုများစွာနဲ့ 
အာရုံတွေကလဲ အထွေထွေအပြားပြား
ကောင်းကင်က လမင်း
ရုတ်တရက်ပြုတ်ကျလာတာလား
ဘာရယ်တော့ သေချာမသိပေမယ့်
ငါ့အသည်း ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ
အမှောင်တွေ ပိုနေတာလား
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲ့ဒါချစ်သူထွက်ခွါသွားတဲ့ ညပေါ့ .....။

0 comments:

Post a Comment