ချစ်သူ
သင်ဟာ ငါ့ရဲ့ အလင်းဖြစ်တယ်...။
ချစ်သူ
သင်ဟာ ငါ့ရဲ့ ခိုလှုံရာဖြစ်တယ်...။
ချစ်သူ
သင်ဟာ ငါ့ရဲ့ ကယ်တင်ရှင်ဖြစ်တယ်..။
ချစ်သူ
သင်ဟာ ငါ့ရဲ့ မျှော်လင့်ချက်ဖြစ်တယ်...။
ဒါပေမယ့်
ချစ်သူရယ်...
သင်
စိတ်ချမ်းသာမယ်ဆိုရင်...
ယာယီအဖြစ် ဒီအချစ်နဲ့ 
ငါ့ကို ထားခဲ့ချင်လည်း
ထားခဲ့ပါတော့...။
ဗလာဘ၀လို တန်ဖိုးမဲ့နေတဲ့
နင့်ရဲ့ ဘ၀ကို
၁၀၀ % perfect ဖြစ်အောင်
စွမ်းဆောင်ချင်သူပါ..။
မြေစာပင်လို သူများအနင်းခံ
နင့်ဘ၀ကို
ကျူးလစ်ပန်းလို
တန်ဖိုးမြင့်စေခဲ့သူပါ..။
ယုန်တစ်ကောင်လို စိတ်အားနုနယ်တဲ့
နင့်စိတ်ဓာတ်ကို
ခြသေ့င်္တစ်ကောင်လို
ရဲရင့်စေခဲ့သူပါ..။
သဲမှုန်တွေလို အနာဂတ်မှုန်ဝါးနေတဲ့
နင့်အနာဂတ်ကို
ငွေကြယ်ပွင့်အလား
လင်းလက်စေသူပါ..။
ငွေကြယ်ပွင့်လေး နင်က
ကောင်းကင်ကတစ်ခြား
ကြယ်လေးတွေနဲ့
လင်းလက်နေတဲ့အခိုက်
ငါကတော့...
ငွေကြယ်ပွင့်လေး နင့်ကို
မော့ကြည့်ခွင့် ရရုံနဲ့ တင်
ကျေနပ်နေမဲ့သူပါ.....။
ဘေးအန္တရာယ် ကင်းဝေးစေကြောင်း
ဆုမတောင်းလို
ရင်ဆိုင်နိုင်ရန်အတွက်သာ
အစွမ်းသတ္တိ ရလိုပါ၏...။
ဝေဒနာ သက်သာစေကြောင်း
ဆုမတောင်းလို
ဝေဒနာကို အောင်နိုင်သော
ခံနိုင်စွမ်းရည်သာ ရချင်ပါ၏...။
အမြဲတမ်း ပျော်ရွင်စေကြောင်း
ဆုမတောင်းလို
ဝမ်းနည်းသောအခါတွင်သာ
သင့်ဆီမှ နှစ်သိမ့်စကား
ကြားရပါလို၏...။
ပြိုင်ပွဲတိုင်းတွင်
အောင်မြင်စေကြောင်း
ဆုမတောင်းလို
ရှုံးနိမ့်သောအခါတွင်မူ
သင့်လက်ကို ဆုပ်ကိုင်ထားခွင့်
ရရှိသောသူ ဖြစ်ရပါလို၏...။
မိုးရေစက်ထဲ
ကောင်လေးတစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
မိုးရေစက်ကိုခြေထောက်ဖြင့်ကန်ကာ
လွတ်လပ်ခြင်းတွေ
သူ့ မှာရှိသည်...။
မိုးရေစက်ထဲ
ကောင်မလေးတစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
မိုးရေစက်ကို ပါးစပ်ဖြင့်ခံကာ
ပျော်ရွင်ခြင်းတွေ
သူ့ မှာရှိသည်...။
မိုးရေစက်ထဲ
ချစ်သူနှစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
နှစ်ယောက်အတူတူ လက်ချင်းယှက်ကာ
ချစ်ခြင်းတရားတွေ
သူတို့ မှာရှိသည်...။
မိုးရေစက်ထဲ
လူသားနှစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
မျက်နှာတင်းမာ ကျောခိုင်းကာ
မာနတရားတွေ
သူတို့ မှာရှိသည်...။
မနက်နိုးလာ
စိတ်ပျက်စွာ
ပဲပြုတ်သည်ရဲ့  ဗျို့ ဟစ်သံ...
နေ့ လည်ကပူ
စိတ်ကဆူ
ရေကလည်းမွဲ လူလည်းဂွမ်း...
ညဥ့်သန်ခေါင်ယံ
မီးကမမှန်
ခြင်ကလည်းကိုက် လူလည်းအိုက်...
အာရုဏ်ဦးအိပ်မက်
မှတ်မိပါသည်
မီးကထိန်လင်း
ရေလည်းလန်း၍
တော်တော်ပျော်ဖို့ ကောင်းပါသည်...။