မိုးရေစက်ထဲ
ကောင်လေးတစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
မိုးရေစက်ကိုခြေထောက်ဖြင့်ကန်ကာ
လွတ်လပ်ခြင်းတွေ
သူ့ မှာရှိသည်...။
မိုးရေစက်ထဲ
ကောင်မလေးတစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
မိုးရေစက်ကို ပါးစပ်ဖြင့်ခံကာ
ပျော်ရွင်ခြင်းတွေ
သူ့ မှာရှိသည်...။
မိုးရေစက်ထဲ
ချစ်သူနှစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
နှစ်ယောက်အတူတူ လက်ချင်းယှက်ကာ
ချစ်ခြင်းတရားတွေ
သူတို့ မှာရှိသည်...။
မိုးရေစက်ထဲ
လူသားနှစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
မျက်နှာတင်းမာ ကျောခိုင်းကာ
မာနတရားတွေ
သူတို့ မှာရှိသည်...။

0 comments:

Post a Comment