ဘေးအန္တရာယ် ကင်းဝေးစေကြောင်း
ဆုမတောင်းလို
ရင်ဆိုင်နိုင်ရန်အတွက်သာ
အစွမ်းသတ္တိ ရလိုပါ၏...။
ဝေဒနာ သက်သာစေကြောင်း
ဆုမတောင်းလို
ဝေဒနာကို အောင်နိုင်သော
ခံနိုင်စွမ်းရည်သာ ရချင်ပါ၏...။
အမြဲတမ်း ပျော်ရွင်စေကြောင်း
ဆုမတောင်းလို
ဝမ်းနည်းသောအခါတွင်သာ
သင့်ဆီမှ နှစ်သိမ့်စကား
ကြားရပါလို၏...။
ပြိုင်ပွဲတိုင်းတွင်
အောင်မြင်စေကြောင်း
ဆုမတောင်းလို
ရှုံးနိမ့်သောအခါတွင်မူ
သင့်လက်ကို ဆုပ်ကိုင်ထားခွင့်
ရရှိသောသူ ဖြစ်ရပါလို၏...။

3 comments:

ညလင်းအိမ် said...

အုံဖွ ပြည့်စေသတည်း .....

Kawthaung Tour Guide said...

ကဗျာလေးကို ကြိုက်တယ်၊
c box မှာရေးလို့မရလို့ ဒီမှာဘဲ Comment ပေးသွားတယ်။

ဆင်တဲကဖေး said...

ဆုမတောင်းတာနဲ့  ဆုတောင်းတာပါ ပြည့် ပါစေ

Post a Comment