ဗလာဘ၀လို တန်ဖိုးမဲ့နေတဲ့
နင့်ရဲ့ ဘ၀ကို
၁၀၀ % perfect ဖြစ်အောင်
စွမ်းဆောင်ချင်သူပါ..။
မြေစာပင်လို သူများအနင်းခံ
နင့်ဘ၀ကို
ကျူးလစ်ပန်းလို
တန်ဖိုးမြင့်စေခဲ့သူပါ..။
ယုန်တစ်ကောင်လို စိတ်အားနုနယ်တဲ့
နင့်စိတ်ဓာတ်ကို
ခြသေ့င်္တစ်ကောင်လို
ရဲရင့်စေခဲ့သူပါ..။
သဲမှုန်တွေလို အနာဂတ်မှုန်ဝါးနေတဲ့
နင့်အနာဂတ်ကို
ငွေကြယ်ပွင့်အလား
လင်းလက်စေသူပါ..။
ငွေကြယ်ပွင့်လေး နင်က
ကောင်းကင်ကတစ်ခြား
ကြယ်လေးတွေနဲ့
လင်းလက်နေတဲ့အခိုက်
ငါကတော့...
ငွေကြယ်ပွင့်လေး နင့်ကို
မော့ကြည့်ခွင့် ရရုံနဲ့ တင်
ကျေနပ်နေမဲ့သူပါ.....။

1 comments:

blackroze said...

ပေးဆပ်သူရဲ့ခံစားချက်ကဗျာလေးပါဘဲ
တကယ်တော့ပေးဆပ်နေရတာလဲခံစားချက်တမျိုးဘဲနော်

Post a Comment