စောင့်ရတာကိုမုန်းတယ်
ဒါပေမယ့်
ငါချစ်တဲ့နင့်အတွက်
သုံးနာရီ နီးပါးထိုင်စောင့်နေခဲ့တယ်...။
အမြဲတမ်း
ကိုယ်လုပ်ချင်တာ လုပ်လိုက်ရမှ
ကျေနပ်ခဲ့ပေမယ့်
ခုတော့
နင်စိတ်ပျက်သွားမှာ
ကြောက်နေမိတယ်...။
အမြဲတမ်း
မျက်နှာကို သုန်မှုန်ပြီး
နေတတ်ခဲ့ပေမယ့်
ခုတော့
ငါ့ကိုကြည့်ပြီး
နင်စိတ်ညစ်မှာကြောက်နေခဲ့တယ်...။
အရင်က ဂျစ်ကန်ကန်
နေတတ်ခဲ့ပေမယ့်
ခုတော့
နင့်ကြောင့် မိန်းမဆန်ဆန်
နေတတ်ခဲ့ပြီ...။
အရင်က
အမေ နှုတ်ခမ်းနီ
အတင်းဆိုးပေးရင်တောင်
ထွက်ပြေးတတ်တဲ့ငါ
ခုတော့
နှုတ်ခမ်းနီဆိုးရတာကို
သဘောကျတတ်လာပြီ...။
" လူတစ်ယောက်ကို
ချစ်မိပြီဆို
တစ်ဖြည်းဖြည်းချင်း
ရှုံးလာတတ်တယ် "တဲ့
ငါဘယ်တော့မှ မရှုံးချင်ဘူး
ဒါပေမယ့်...
ငါနင့်ကိုအရမ်းချစ်တယ်...။

0 comments:

Post a Comment