ငါ့ခန္ဓာကိုယ်ကို ဓားနဲ့မွှန်းလိုက်
"နာ သွားလား" လို့ မေးလိုက်
"အင်း နာတယ်" ဆိုရင်
ဆေးလေး ထည့်ပေးလိုက်
အနာကျတ်သွားရင်..
ထပ်ပြီး
ဓားနဲ့မွှန်းလိုက်
"နာ သွားလား" လို့ မေးလိုက်
"အင်း နာတယ်" ဆိုရင်
ပလာစတာလေးကပ်ပေးလိုက်နဲ့
နာမှန်းသိရက်နဲ့ကို
ငါက အမွှန်းခံချင်နေတာပါ...။
ဘာကြောင့်လဲ သိလား
နင်ငါ့ကိုဆေးထည့်ပေးရင်
ငါ အရမ်းကျေနပ်လို့ပါ
ခုတော့
ငါ့ တစ်ကိုယ်လုံး
နင်ပေးတဲ့ ဒဏ်ရာတွေနဲ့
ပြည့်နေပြီ...
ခူယားကတော့
သေသွားတာကြာပြီ
ဒါပေမယ့်
သူ့ အမွှေးကတော့
ခုထိယားတုန်းပဲ...။

0 comments:

Post a Comment