မုန်းဖို့ မေ့ဖို့ လည်း
ပြောမထွက်ဘူး...။
ဆက်ချစ်ဖို့ လည်း
မဖြစ်နိုင်ဘူး...။
ဘာလုပ်ရမလဲကွာ.....
တကယ်ဆို
ဒါဟာ
ငါ့အပြစ်တွေပါ...။
အရာအားလုံး
ပြီးခဲ့ပြီ...ပေါ့ ။
ဂစ်တာ မတတ်တခေါက်
တီးပြီး...
တိတ်တိတ်လေးပဲ လွမ်းပါရစေတော့...။
ချစ်သူ
သင်ဟာ ငါ့ရဲ့ အလင်းဖြစ်တယ်...။
ချစ်သူ
သင်ဟာ ငါ့ရဲ့ ခိုလှုံရာဖြစ်တယ်...။
ချစ်သူ
သင်ဟာ ငါ့ရဲ့ ကယ်တင်ရှင်ဖြစ်တယ်..။
ချစ်သူ
သင်ဟာ ငါ့ရဲ့ မျှော်လင့်ချက်ဖြစ်တယ်...။
ဒါပေမယ့်
ချစ်သူရယ်...
သင်
စိတ်ချမ်းသာမယ်ဆိုရင်...
ယာယီအဖြစ် ဒီအချစ်နဲ့ 
ငါ့ကို ထားခဲ့ချင်လည်း
ထားခဲ့ပါတော့...။
ဗလာဘ၀လို တန်ဖိုးမဲ့နေတဲ့
နင့်ရဲ့ ဘ၀ကို
၁၀၀ % perfect ဖြစ်အောင်
စွမ်းဆောင်ချင်သူပါ..။
မြေစာပင်လို သူများအနင်းခံ
နင့်ဘ၀ကို
ကျူးလစ်ပန်းလို
တန်ဖိုးမြင့်စေခဲ့သူပါ..။
ယုန်တစ်ကောင်လို စိတ်အားနုနယ်တဲ့
နင့်စိတ်ဓာတ်ကို
ခြသေ့င်္တစ်ကောင်လို
ရဲရင့်စေခဲ့သူပါ..။
သဲမှုန်တွေလို အနာဂတ်မှုန်ဝါးနေတဲ့
နင့်အနာဂတ်ကို
ငွေကြယ်ပွင့်အလား
လင်းလက်စေသူပါ..။
ငွေကြယ်ပွင့်လေး နင်က
ကောင်းကင်ကတစ်ခြား
ကြယ်လေးတွေနဲ့
လင်းလက်နေတဲ့အခိုက်
ငါကတော့...
ငွေကြယ်ပွင့်လေး နင့်ကို
မော့ကြည့်ခွင့် ရရုံနဲ့ တင်
ကျေနပ်နေမဲ့သူပါ.....။
ဘေးအန္တရာယ် ကင်းဝေးစေကြောင်း
ဆုမတောင်းလို
ရင်ဆိုင်နိုင်ရန်အတွက်သာ
အစွမ်းသတ္တိ ရလိုပါ၏...။
ဝေဒနာ သက်သာစေကြောင်း
ဆုမတောင်းလို
ဝေဒနာကို အောင်နိုင်သော
ခံနိုင်စွမ်းရည်သာ ရချင်ပါ၏...။
အမြဲတမ်း ပျော်ရွင်စေကြောင်း
ဆုမတောင်းလို
ဝမ်းနည်းသောအခါတွင်သာ
သင့်ဆီမှ နှစ်သိမ့်စကား
ကြားရပါလို၏...။
ပြိုင်ပွဲတိုင်းတွင်
အောင်မြင်စေကြောင်း
ဆုမတောင်းလို
ရှုံးနိမ့်သောအခါတွင်မူ
သင့်လက်ကို ဆုပ်ကိုင်ထားခွင့်
ရရှိသောသူ ဖြစ်ရပါလို၏...။
မိုးရေစက်ထဲ
ကောင်လေးတစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
မိုးရေစက်ကိုခြေထောက်ဖြင့်ကန်ကာ
လွတ်လပ်ခြင်းတွေ
သူ့ မှာရှိသည်...။
မိုးရေစက်ထဲ
ကောင်မလေးတစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
မိုးရေစက်ကို ပါးစပ်ဖြင့်ခံကာ
ပျော်ရွင်ခြင်းတွေ
သူ့ မှာရှိသည်...။
မိုးရေစက်ထဲ
ချစ်သူနှစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
နှစ်ယောက်အတူတူ လက်ချင်းယှက်ကာ
ချစ်ခြင်းတရားတွေ
သူတို့ မှာရှိသည်...။
မိုးရေစက်ထဲ
လူသားနှစ်ယောက်
ထီးလည်းမပါ လက်ဗလာဖြင့်
မျက်နှာတင်းမာ ကျောခိုင်းကာ
မာနတရားတွေ
သူတို့ မှာရှိသည်...။
မနက်နိုးလာ
စိတ်ပျက်စွာ
ပဲပြုတ်သည်ရဲ့  ဗျို့ ဟစ်သံ...
နေ့ လည်ကပူ
စိတ်ကဆူ
ရေကလည်းမွဲ လူလည်းဂွမ်း...
ညဥ့်သန်ခေါင်ယံ
မီးကမမှန်
ခြင်ကလည်းကိုက် လူလည်းအိုက်...
အာရုဏ်ဦးအိပ်မက်
မှတ်မိပါသည်
မီးကထိန်လင်း
ရေလည်းလန်း၍
တော်တော်ပျော်ဖို့ ကောင်းပါသည်...။
စောင့်ရတာကိုမုန်းတယ်
ဒါပေမယ့်
ငါချစ်တဲ့နင့်အတွက်
သုံးနာရီ နီးပါးထိုင်စောင့်နေခဲ့တယ်...။
အမြဲတမ်း
ကိုယ်လုပ်ချင်တာ လုပ်လိုက်ရမှ
ကျေနပ်ခဲ့ပေမယ့်
ခုတော့
နင်စိတ်ပျက်သွားမှာ
ကြောက်နေမိတယ်...။
အမြဲတမ်း
မျက်နှာကို သုန်မှုန်ပြီး
နေတတ်ခဲ့ပေမယ့်
ခုတော့
ငါ့ကိုကြည့်ပြီး
နင်စိတ်ညစ်မှာကြောက်နေခဲ့တယ်...။
အရင်က ဂျစ်ကန်ကန်
နေတတ်ခဲ့ပေမယ့်
ခုတော့
နင့်ကြောင့် မိန်းမဆန်ဆန်
နေတတ်ခဲ့ပြီ...။
အရင်က
အမေ နှုတ်ခမ်းနီ
အတင်းဆိုးပေးရင်တောင်
ထွက်ပြေးတတ်တဲ့ငါ
ခုတော့
နှုတ်ခမ်းနီဆိုးရတာကို
သဘောကျတတ်လာပြီ...။
" လူတစ်ယောက်ကို
ချစ်မိပြီဆို
တစ်ဖြည်းဖြည်းချင်း
ရှုံးလာတတ်တယ် "တဲ့
ငါဘယ်တော့မှ မရှုံးချင်ဘူး
ဒါပေမယ့်...
ငါနင့်ကိုအရမ်းချစ်တယ်...။
ငါ့ခန္ဓာကိုယ်ကို ဓားနဲ့မွှန်းလိုက်
"နာ သွားလား" လို့ မေးလိုက်
"အင်း နာတယ်" ဆိုရင်
ဆေးလေး ထည့်ပေးလိုက်
အနာကျတ်သွားရင်..
ထပ်ပြီး
ဓားနဲ့မွှန်းလိုက်
"နာ သွားလား" လို့ မေးလိုက်
"အင်း နာတယ်" ဆိုရင်
ပလာစတာလေးကပ်ပေးလိုက်နဲ့
နာမှန်းသိရက်နဲ့ကို
ငါက အမွှန်းခံချင်နေတာပါ...။
ဘာကြောင့်လဲ သိလား
နင်ငါ့ကိုဆေးထည့်ပေးရင်
ငါ အရမ်းကျေနပ်လို့ပါ
ခုတော့
ငါ့ တစ်ကိုယ်လုံး
နင်ပေးတဲ့ ဒဏ်ရာတွေနဲ့
ပြည့်နေပြီ...
ခူယားကတော့
သေသွားတာကြာပြီ
ဒါပေမယ့်
သူ့ အမွှေးကတော့
ခုထိယားတုန်းပဲ...။

နွေရာသီကပူ
ငါ့အသည်းက
မင်းကြောင့်ဆူ...။
လေရူးတွေကတိုက်
မင်းကြောင့်
ခေါင်းတွေကိုက်...။
သစ်ရွက်တွေကကြွေ
မင်းကြောင့်
စိတ်တွေလေ...။
ရွက်နုတွေလည်းထွက်
ငါလည်း
အသစ်ပြောင်းကြိုက်...။
သူသာ
ကျွန်တော့ဘ၀ရဲ့  ပထမဦးဆုံး ချောကလက်ပေးတဲ့ သူပါ
သူသာ
ကျွန်တော့ဘ၀ရဲ့  ပထမဦးဆုံး အနမ်းပိုင်ရှင်ပါ
သူသာ
ကျွန်တော့ဘ၀ရဲ့  ပထမဦးဆုံး နှင်းဆီသခင်ပါ
သူသာ
ကျွန်တော့ဘ၀ရဲ့  ပထမဦးဆုံး မျက်ရည်သုတ်ပေး သူပါ
သူသာ
ကျွန်တော့ဘ၀ရဲ့  ပထမဦးဆုံး ရေနွေးခွက်ကို မှုတ်ပေးသူပါ

နောက်ဆုံးတော့......

သူသာ
ကျွန်တော့ဘ၀ရဲ့  ပထမဦးဆုံး ရင်ကိုခွဲသွားတဲ့ သူပါ

မိုးကလေးလည်း ညှို့ ရော
စိတ်တံခါးတွေလည်းလျော့ရဲ
လူလည်းဝမ်းနည်းချင်လာတယ်...။

မိုးကလေးလည်း ဖွဲရော
ပေတရာပေါ်လမ်းလျှောက်
အလွမ်းတွေနဲ့ ခုန်ပေါက်ဆော့ချင်ပြန်တယ်...။

မိုးကလေးလည်း သည်းရော
မျက်ရည်တွေလည်းတာကျိုးလို့ 
ရင်ခွင်တစ်ခုလုံး မိုးစိုစေခဲ့တယ်...။

မိုးကလေးလည်း စဲရော
တိမ်ဖြူဖြူတွေနဲ့ လွင့်မျော
ဘ၀ကိုရေမရောပဲ သောက်ချင်ပြန်တယ်...။

မိုးကလေးလည်း တိတ်ရော
အင်း......
မိုးသည်း လည်းအိပ်ရောရှင့်...။
ကျောင်းခန်းထဲမှာ ငါတစ်ယောက်ထဲ
အတွေးတွေ နယ်ချဲ့ 
ဟား......သတိရလိုက်တာ....။

သက်ရောက်မှု့ တိုင်းမှာ
တန်ပြန်တဲ့ အကျိုးဆက်ရှိတယ်
ဆိုတဲ့ Newton ရဲ့ နိယာမ ကလည်း
ငါနဲ့ မှလွဲတော့မယ် ထင်တယ်....။

နင့်ကို သတိရတိုင်း
ကောင်းကင်က ကြယ်တွေကို
ရေတွက်နေတဲ့ အချိန်မှာ
နင်ကတော့
အပူအပင်ကင်းမဲ့စွာ အိပ်ပျော်နေလောက်ပြီ...။

ပီကေ ၀ါးနေတဲ့
ကောင်လေးတွေကို မြင်ရင်
ပီကေ ၀ါးလိုက်တိုင်း
ပါးချိုင့်ပေါ်သွားတတ်တဲ့
နင့်မျက်နှာကို သတိရတယ်...။

ခုတော့
သက်တံ့တွေလည်းထွက်ပြေး
နင်နဲ့ ငါလည်း
ဝေးခဲ့ရပြီ.....။